သနပ်ခါးဟာ မြန်မာလူမျိုးတွေ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက စွဲမက်စွာ လိမ်းချယ်ခဲ့ကြတဲ့ သဘာ၀ရဲ့ ထူးခြားတဲ့လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ အလှအပတစ်ခုတည်းအတွက်ကြောင့် မဟုတ်ဘဲ၊ သနပ်ခါးရဲ့ ဆေးဘက်ဝင်အာနိသင်များကြောင့်လည်း သနပ်ခါးကို မြန်မာလူမျိုးတို့ မြတ်နိုးမှုပိုခဲ့ရတာဖြစ်ပါတယ်။ ပိုနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံမှာ သနပ်ခါးလေးလိမ်းထားရင် အသားအရေကို အေးမြစေပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်နိုင်တဲ့အတွက် အမျိုးသမီးတွေတင်မက အမျိုးသားများပါ သုံးစွဲလေ့ရှိပါတယ်။ 
ဒီလို လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေအပြင် သနပ်ခါးဟာ မြန်မာမိန်းကလေးတို့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့အလှကို လှစ်ပြနေပါတယ်။ ဒီလက်ရာလေးမှာတော့ သနပ်ခါးလိမ်းထားတဲ့ မိန်းမပျိုလေးတွေရဲ့ သိမ်မွေ့ကျော့ရှင်းတဲ့ လှပမှုကို ပေါ်လွင်အောင် ပန်းပွင့်တွေစီချယ်ထားတဲ့ နေရာက မြန်မာဆန်တဲ့အလှနဲ့ မိန်းမပျိုလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စျေးနှုန်းတွက်ချက်မှု

Silk Crepe Satin
Gray (FX - 109020)Yellow (FX - 108920)
Pink (FX - 108819)
Gray (FX - 109020)
Yellow (FX - 108920)
စုစုပေါင်း : Ks 45,000.00

စုစုပေါင်းခန့်မှန်းခြေ : Ks 45,000.00