Thanakha

Branded Gift : Corporate Premium GIft

 

အခုလိုတူညီမှုတွေများပြားလှတဲ့ခေတ်မှာထူးခြားမှုတစ်ခုရဖို့လွယ်တဲ့အရာတော့မဟုတ်ပါဘူး။  အားလုံးကသင်လုပ်သလိုလုပ်၊သင်တွေးသလိုတွေးပြီး၊သင်ပြောသလိုပြောနေကြတဲ့အခါ..

သင့်အနေနဲ့လူအုပ်ကြားထဲပျောက်ကွယ်သလိုခံစားရနိုင်ပါတယ်။ထူးခြားမှုမရှိတဲ့သူလိုကိုယ်လိုလူတွေကြားထဲမှာသင်လည်းစုပ်စမြုတ်စပျောက်ကွယ်သွားနိုင်တာပေါ့။နံရံအုတ်ချပ်တွေထဲကတစ်ချပ်လို၊စူပါမားကတ်ကရှည်လျားတဲ့စင်ကြီးပေါ်တင်ထားတဲ့ကုန်ပစ္စည်းများစွာထဲကတစ်ခုလိုဖြစ်နေပါလိမ့်မယ်။ဒါကြောင့်လည်းသင့်ရဲ့ထူးခြားတဲ့အမှတ်အသားကိုအခွင့်အရေးရတိုင်းအများမြင်သာအောင်ချပြဖို့လိုအပ်နေတာပေါ့။ဒီနေရာမှာ

သင်ဆိုတာသင့်ကုမ္ပဏီဖြစ်ပြီးသင့်ရဲ့ထူးခြားတဲ့အမှတ်အသားကတော့သင့်ကုမ္ပဏီရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ် (လိုဂို) ဖြစ်ပါတယ်။

သင့်ကုမ္ပဏီအမှတ်တံဆိပ် (လိုဂို)နဲ့အနှစ်သာရ (အရောင်းမြှင့်တင်ရေးစာသား) တို့ကိုချပြဖို့အကောင်းဆုံးကြားခံပစ္စည်းတွေကတော့သင်ရင်းနှီးပြီးသားကုမ္ပဏီလက်ဆောင်ပစ္စည်းနဲ့အရောင်းမြှင့်တင်ရေးပစ္စည်းတွေဖြစ်ပါတယ်။

ကျွန်တော်တို့ FABRIX ဟာမြန်မာနိုင်ငံကထုတ်လုပ်ပြီးအကောင်းဆုံးပိုးသားနဲ့ရက်လုပ်တဲ့အရည်အသွေးမြင့်ပိုးထည်နဲ့အဝတ်အထည်ကိုအကျွမ်းကျင်ဆုံးဝန်ဆောင်မှုပေးနေပါတယ်။ပိုးပုဝါများ၊ခြုံထည်များ၊အဝတ်အစားများ၊အိမ်တွင်းအလှဆင်အဝတ်များနဲ့အရည်အသွေးမြင့်လက်ဆောင်ပ္စည်းတွေပေါ်မှာသင့်ကုမ္ပဏီရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုအကောင်းဆုံးရိုက်နှိပ်ပြီးဝန်ဆောင်မှုပေးနေပါတယ်။သင့်ကိုယ်ပိုင်ဒီဇိုင်း (သို့) အရောင်းမြှင့်တင်ရေးစာသားများကိုလည်းအဆိုပါပစ္စည်းများပေါ်မှာရိုက်နှိပ်နိုင်ပါတယ်။ 

ဒါကြောင့်သင့်ရဲ့လုပ်ငန်းအဖွဲ့အစည်းကိုပုံစံတူတွေကြားထဲမှာတစ်မူကွဲပြားထင်ရှားနေစေဖို့ FABRIX ကိုအခုပဲဆက်သွယ်လိုက်ပါ။

Stamp

Branded Gift : Personalised Gift

 

ချစ်ခင်ရသူတွေ၊မိတ်ဆွေတွေကြားမှာအမှတ်တရလက်ဆောင်ပစ္စည်းတွေပေးတဲ့ယဉ်ကျေးမှုဟာအမြဲတမ်းရှိနေပါတယ်။ဒါပေမဲ့ထူးခြားတဲ့လက်ဆောင်လေးတွေကိုတော့အမြဲတမ်းရရှိနေနိုင်မှာမဟုတ်ပါဘူး။တကယ်တော့အမြဲတမ်းအမှတ်ရနေလောက်အောင်ဆွဲဆောင်မှုရှိတဲ့အမှတ်တရလက်ဆောင်လေးတစ်ခုကိုရရှိဖို့ခက်ခဲလှပါတယ်။အခုတော့ဒီကွက်လပ်လေးကို Fabrix ကအကောင်းဆုံးဖြည့်ဆည်းပေးလိုက်ပါပြီ။သူမတူအောင်နူးညံ့တဲ့ပိုးပုဝါစလေးတွေပေါ်မှာကိုယ့်စိတ်ကြိုက်အနုပညာနဲ့ဒီဇိုင်းဖန်တီးမှုလက်ရာတွေကိုအသပ်ရပ်ဆုံးရိုက်နှိပ်ပုံဖော်ပေးနေပြီဖြစ်ပါတယ်။ယဉ်ကျေးမှု၊သမိုင်းနဲ့အနုပညာတန်ဖိုးမြင့်မားလှတဲ့ပညာရှင်တွေရဲ့ပန်းချီလက်ရာများ၊မြန်မာမှုသုခုမလက်ရာများ၊သမိုင်းဝင်ပစ္စည်းများစတာတွေကိုအရောင်အသွေးစုံလင်ပြီးတိကျသပ်ရပ်စွာပုံဖော်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာမှုအလှအပတွေနဲ့မြန်မာ့ရိုးရာယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားသူတွေစိတ်ကြိုက်တွေ့ဖို့အာမခံပါတယ်။ချစ်ခင်ရသူတွေနဲ့မိတ်ဆွေတွေအတွက်အမြဲအမှတ်ရစရာထူးခြားတဲ့လက်ဆောင်မွန်လေးတွေပေးစွမ်းနိုင်ဖို့ Fabrix ကိုကြွလှမ်းခဲ့ပါလို့ဖိတ်ခေါ်ပါတယ်။