ချစ်ခင်ရသူတွေ၊ မိတ်ဆွေတွေကြားမှာ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပေးတဲ့ယဉ်ကျေးမှုဟာ အမြဲတမ်းရှိနေပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့ လက်ဆောင်လေးတွေကိုတော့ အမြဲတမ်းရရှိနေနိုင်မှာမဟုတ်ပါဘူး။ တကယ်တော့ အမြဲတမ်းအမှတ်ရနေလောက်အောင် ဆွဲဆောင်မှုရှိတဲ့ အမှတ်တရ လက်ဆောင်လေးတစ်ခုကို ရရှိဖို့ ခက်ခဲလှပါတယ်။ အခုတော့ ဒီကွက်လပ်လေးကို Fabrix က အကောင်းဆုံးဖြည့်ဆည်းပေးလိုက်ပါပြီ။ သူမတူအောင်နူးညံ့တဲ့ ပိုးပုဝါစလေးတွေပေါ်မှာ ကိုယ့်စိတ်ကြိုက် အနုပညာနဲ့ ဒီဇိုင်းဖန်တီးမှုလက်ရာတွေကို အသပ်ရပ်ဆုံး ရိုက်နှိပ်ပုံဖော်ပေးနေပြီ ဖြစ်ပါတယ်။ ယဉ်ကျေးမှု၊ သမိုင်းနဲ့ အနုပညာတန်ဖိုး မြင့်မားလှတဲ့ ပညာရှင်တွေရဲ့ ပန်းချီလက်ရာများ၊ မြန်မာမှုသုခုမလက်ရာများ၊ သမိုင်းဝင်ပစ္စည်းများ စတာတွေကို အရောင်အသွေးစုံလင်ပြီး တိကျသပ်ရပ်စွာ ပုံဖော်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာမှုအလှအပတွေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသူတွေ စိတ်ကြိုက်တွေ့ဖို့ အာမခံပါတယ်။ ချစ်ခင်ရသူတွေနဲ့ မိတ်ဆွေတွေအတွက် အမြဲအမှတ်ရစရာ ထူးခြားတဲ့ လက်ဆောင်မွန်လေးတွေ ပေးစွမ်းနိုင်ဖို့ Fabrix ကို ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။ 

စျေးနှုန်းတွက်ချက်မှု

စုစုပေါင်း : Ks 35,000.00

စုစုပေါင်းခန့်မှန်းခြေ : Ks 35,000.00