မြန်မာ့ယဉ်ကျေးမှုမှာနဲ့ မြန်မာ့ဂီတမှာ မပါမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကတော့ မြန်မာ့ဆိုင်းဝိုင်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဆိုင်းဝိုင်းကို မပျောက်ပျက်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်ဆိုင်းဝိုင်းလို့တောင် သီးသန့်ဖွဲ့စည်းပြီး ဆိုင်းဝိုင်းအနုပညာကို ပြန်လည်ဖော်ထုတ်လျက်ရှိပါတယ်။ ဒီသရုပ်ဖော်ပုံလေးမှာတော့ မြန်မာ့ရိုးရာသဘင်နဲ့ ဆိုင်းဝိုင်းကို အခြေခံပြီး၊ မင်းသားမင်းသမီး ကချိုးကဟန်တွေကိုပါ သပ်သပ်ရပ်ရပ် ပုံဖော်ထားပါတယ်။ မြန်မာ့ရိုးရာ ဇာတ်သဘင်နဲ့ ဆိုင်းဝိုင်းတို့ရဲ့ ခမ်းနားကြီးကျယ်ပုံနဲ့ မြန်မာတို့ရဲ့ ခိုင်မာတဲ့ယဉ်ကျေးမှုတို့ကို အရောင်အသွေးစုံလင်စွာ ဖော်ကျူးထားတဲ့ လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ ဂီတယဉ်ကျေးမှုဟာ ခေတ်ရေအစီးအလိုက် ပြောင်းလဲလာပေမယ့် မြန်မာ့ရိုးရာဇာတ်သဘင်နဲ့ ဆိုင်းဝိုင်းကတော့ ဆက်လက်ရှင်သန်ဆဲနေပြီး မြန်မာယဉ်ကျေးမှုရဲ့ ခမ်းနားတဲ့သမိုင်းကြောင်းကို လှစ်ပြနေဆဲဖြစ်ပါတယ်။ 

စျေးနှုန်းတွက်ချက်မှု

Silk Crepe Satin
Royal (FX-106519)Coral (FX - 106619)
Colorful (FX-106419)
Royal (FX-106519)
Coral (FX - 106619)
စုစုပေါင်း : Ks 35,000.00

စုစုပေါင်းခန့်မှန်းခြေ : Ks 35,000.00