CNK
Artist Biography
သဘာ၀ရှုခင်းနဲ့အလှတရားတွေကိုရိုးရှင်းတဲ့အမြင်နဲ့ကိုယ်တိုင်ကြည့်ရှုခံစားပြီးကိုယ်ပိုင်အတွေးနဲ့ပေါင်းစပ်လို့ပြန်လည်တင်ပြတတ်သူကတော့ဆရာချမ်းငြိမ်းကျော်ဖြစ်ပါတယ်။အခြားသူတွေနှစ်သက်လက်ခံဖို့သီးသန့်ရည်ရွယ်ပြီးရေးဆွဲတာမျိုးထက်ကိုယ်တိုင်စိတ်ကျေနပ်တဲ့အထိဖန်တီးရေးဆွဲပြီးမှပရိသတ်ဆီအရှိအတိုင်းပြန်လည်တင်ပြချင်သူဖြစ်ပါတယ်။ဒီလိုအရည်အသွေးတွေရှိတဲ့ဆရာချမ်းငြိမ်းကျော်ကို၁၉၅၉ခုနစ်မြန်မာနိုင်ငံအလယ်ပိုင်းမုံရွာမြို့မှာမွေးဖွားခဲ့ပါတယ်။အထင်ကရမြန်မာ့ပန်းချီအနုပညာရှင်ကြီးများဖြစ်ကြတဲ့ကိုကိုလေး (မန္တလေး)၊ဦးခင်မောင်(ဘဏ်)နဲ့ဦးသန်းညွန့်ဝင်း(ရေဦး)တို့ဆီကပန်းချီအနုပညာအမွေကိုဆက်ခံရရှိခဲ့သူဖြစ်ပြီးအခုလက်ရှိတစ်ကိုယ်တော်နဲ့အဖွဲ့လိုက်ပန်းချီပြပွဲပေါင်းများစွာမှာပါဝင်ပြသခဲ့ပြီးဖြစ်တယ်။စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးအဖြစ်နှစ်များစွာလုပ်ခဲ့ဖူးတဲ့တလျှောက်မျက်စိပသာဒဖြစ်စရာအကောင်းဆုံးမြန်မာ့ကျေးလက်ရှုခင်းများစွာကိုတွေ့မြင်ခံစားခဲ့ရတဲ့အတွက်စုတ်တံကိုင်ချိန်မှာသူ့စိတ်ထဲထင်ဟပ်လာတဲ့ပုံရိပ်တွေကိုကင်းဗတ်စပေါ်အရောက်သဘာဝကျကျရုပ်လုံးသွင်းနိုင်ခဲ့တယ်။ “ကျွန်တော်ရောက်ခဲ့ဖူးတဲ့ဒေသတွေကိုစိတ်မျက်စိမှာပေါ်လာတဲ့အတိုင်းပန်းချီကားတွေမှာတွေ့ရမှာပါ။ကျွန်တော့်ခံစားချက်အတိုင်းအရောင်တွေကိုစိတ်ကူးနဲ့စပ်ယှက်ထားတဲ့အတွက်အပြင်လောကရဲ့အရောင်တွေနဲ့တော့ကွဲလွဲပါလိမ့်မယ်” လို့သူကဆိုပါတယ်။ဆရာချမ်းငြိမ်းကျော်ရဲ့လက်ရာအများစုဟာသရုပ်ဖော်လက်ရာတွေဖြစ်ပေမယ့်အနုပညာရှင်တစ်ဦးအနေနဲ့သူ့စိတ်ဝိဉာဉ်ကိုလွတ်မြောက်စေတာကတော့ဒြပ်မဲ့ (Abstraction) လက်ရာတွေသာဖြစ်တယ်လို့သူကယုံကြည်ထားပါတယ်။
သူစိမ်းဆန်ခြင်းနဲ့ရင်းနှီးကျွမ်းဝင်ခြင်းကိုတပြိုင်နက်ခံစားရစေပြီးစိတ်ကူးယဉ်နဲ့လက်တွေ့ဘဝကြားကူးလူးနေတဲ့ကမ္ဘာတစ်ခုကိုပုံပေါ်စေတဲ့အတွက်ဆရာချမ်းငြိမ်းကျော်ကသူ့ပန်းချီကားတွေကိုအိပ်မက်ရှုမျှော်ခင်းများလို့ညွှန်းဆိုလေ့ရှိပါတယ်။
Artist Nyein Chan Kyaw has an ability to see landscapes and nature in most simplistic form and recreate them combining with his talent and originality. He never tries to create art with intention of pleasing audience but he creates art to his heart’s content and delivers the natural results directly to audience. Nyein Chan Kyaw is born in 1959 in Mone Ywar city of middle Myanmar. He studied art under guidance of renowned Myanmar artists: U Ko Ko Lay (MDY), U Khin Maung(Bank) and U Than Nyunt (Ye U). He has participated in numerous solo and group exhibitions to date. While working as staffer at the Department of Agriculture, he had a chance to visit to some of the most picturesque countryside. That experiences became good foundation for his later creations as the images poured naturally out of his mind onto the canvas. “These are the outcomes of what I perceived at the wonderful places I’ve visited. The colors I mostly used may be dreamy as they are direct results of my mental images of the places. While much of Nyein Chan Kyaw works are representational, he believes it’s abstraction that liberates him as an artist. He often refers his own painting as “Dreamscapes” because they portray a world that oscillates somewhere between reality and imagination. That’s probably the reason why his paintings ironic taste of dreamy and familiar at the same time.